သုံးထပ်တိုက်အဆောက်အအုံငယ်တစ်ခု။ ခပ်လွင်လွင်အစိမ်းရောင် သုတ်ထား၍ တက်ကြွရွှင်လန်းမှုကို သရုပ်ပြနေသော အဆောက်အုံငယ်ပင်။ ထိုအဆောက်အအုံငယ်ထဲသို့ဝင်ရမည့် ရှေ့တံခါးပေါက်တွင် ခပ်စိမ်းစိမ်းမျက်လုံးများဖြင့် သက်သေခံကတ်ပြားကို တောင်းကြည့်မည့်သူ၊ ခပ်ရင့်ရင် စကားလုံးများဖြင့် “လုံခြုံရေး”ကိုအကြောင်းပြပြီး ဘဝင်မြင့်မည့်သူများမရှိ။ ထိုသူတို့အစား တက်ကြွနူးညံ့သောအပြုံးတို့ဖြင့် ခပ်မတ်မတ်ရပ်နေသည့် ကြိုဆိုရေးဝန်ထမ်း ရှိနေလိမ့်မည်။ မြန်မာပြည်ကို ကိုယ်စားပြုသော်လည်း အစိုးရအထက်တန်းကျောင်းများတွင်မဟုတ်လျှင် မကြားရနိုင်သော “မဂင်္လာပါ”ဟူသည့် နှုတ်ခွန်းဆက်စကားကို ချိုချိုသာသာ ကြားရပြီးလျှင် ထိုအဆောက်အအုံထဲသို့ ရောက်ပြီဖြစ်သည်။ အေးမြသောလေအထိအတွေ့နှင့်အတူ လုံခြုံရေးစက်တစ်ခုအတွင်းသို့ဖြတ်ပြီး၊ မိမိအိတ်ကို လုံခြုံရေးစက်ထဲသို့ထိုးသွင်းပြီးလျှင် ဝင်ရောက်ခြင်းကိစ္စပြီးဆုံးပြီဖြစ်သည်။ သေမှုသေခင်းကျူးလွန်လုဆဲဆဲလူမျိုးကို ကြည့်တတ်သော မျက်လုံးများမရှိ၊ မိန်းကလေးအိတ်များကို အတင်းဖွင့်ရှာ၍ မတော်ရာများ မြင်လိုက်ရသော အဖြစ်မျိုးမရှိ။ ဝင်လိုက်သည်နှင့် ပထမဆုံးတွေ့ရမည်က...